Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Featured Posts

Saturday, April 26, 2014

Facebook ပေါ်က brother အချို့ က ?


◄◊◊★◊♦◊ıllıllı_◊◊◊♦◊llıllı◊♦— ╚═►►
Song name ◊ Facebook ပေါ်က brother အချို့ က ?
——————————————————————
Music prod ◊ Gtoe
——————————————————————
Mixing ◊ Mg Htoo Choon
——————————————————————
Aritist ◊ Gtoe
——————————————————————
Download link
———————
http://www.mediafire.com/download/eg0x5n8u8xi3q97/Gtoe.mp3
——————————————————————

Tuesday, February 18, 2014

Facebook ကြွားနည်းများ



 
(1) စားသောက်ဆိုင်ကောင်းကောင်း၊ ဈေးဝယ်စင်တာကောင်းကောင်းသို့ မိမိရောက်နေကြောင်း ဖွဘုတ်ပေါ်ရှိ လူများအား သိစေလိုလျှင် ထိုနေရာတွင်ပင် လက်ကိုင်ဖုန်းသုံး၍ Check In ၀င်ပါ။

(2)မိမိလှလှပပ၀တ်စားထားပြီး
ဟိုတယ်တစ်ခုခုသို့ ပွဲတက်စရာရှိပါက ထိုဟိုတယ်၏ အိမ်သာထဲဝင် လက်ကိုင်ဖုန်းထုတ် ကိုယ့်ဘာသာကိုယ် အိမ်သာမှန်ခပ်ကြီးကြီးရှေ့တွင် ဓာတ်ပုံရိုက်ပြီး ဘယ်ရောက်နေကြောင်းဓာတ်ပုံတင်ပါ။
Like များများလိုချင်လျှင် လူများများကို tag ချိတ်ပေးပါ။


(3) ဖွဘုတ်ပေါ်တွင် တစ်ခုခု ရေးချင် တင်ချင်စရာရှိတိုင်း ဖုန်းကိုအသုံးပြုပါ။သို့မဟု

တ် tablet များကိုသုံးပါ။
သို့မှသာ via I Phone,via I Pad,via Mobile,via ....အစရှိသဖြင့် via မျိုးစုံတို့နှင့်တကွ မိမိသုံးသည့် ပစ္စည်း၏နာမည်ကို လူသိလာမည်ဖြစ်ပါသည်။

(4) အစားကောင်း၊အသောက်ကောင်းစား
ဖွယ်များစားခါနီးတိုင်း ထိုစားစရာပုံကို ဓာတ်ပုံအမြန်ရိုက်ပါ။ ပြီးလျှင် တကယ်ကျွေးစရာမလိုမှန်းသင်သိနေပြီးဖြစ်သည့်အတိုင်း ဖွဘုတ်ပေါ်သို့ ဓာတ်ပုံတင်လျှင် "စားကြပါဦး"ဟု သူတစ်ပါးသွားရေကျစေရန်ရေးပါ

(5) ချစ်သူရည်းစားမရှိသောသူများ
တစ်ကိုယ်တော်မှန်ကြည့် ဓာတ်ပုံရိုက်ပြီးနောက် "ဓာတ်ပုံရိုက်ပေးမယ့်သူမရှိလို့ပါ"ဟု နာမည်တပ်၍ ဓာတ်ပုံတင်ပါ။ သို့မှသာ သင်သည် လူလွတ်တစ်ယောက်ဖြစ်မှန်း ကြွားလို့ရပေမည်။

(6) ချစ်သူရည်းစားရှိသောသူများ ချစ်သူနှင့်အတူ ဓာတ်ပုံရိုက်၍ ချစ်သူသက်တမ်းဘယ်နှလပြည့်ဟူ
၍ သင်စိတ်တိုင်းကျ ဓာတ်ပုံတင်ကြွား၍ ရပေသည်။ ရန်ဖြစ်ရင်လည်း မက်ဆေ့ခ်ျထဲတင် ရန်မဖြစ်ပဲ wall ပေါ်တက်ရန်ဖြစ်ခြင်းဖြင့် သင်တို့တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်ကြမှန်း ကြွားနိုင်ကြပေမည်။

(7)မိန်းကလေးများဓာတ်ပုံရို
က်လျှင် ပါးဖောင်း၊မျက်လုံးပြူး၊ သို့မဟုတ် မျက်လုံးတစ်ဖက်မှိတ်၊လက်နှစ်ချောင်းထောင်၊ ဖိုတိုရှော့ဖြင့် စိတ်ကြိုက်ပြုပြင်ပြီးသည့်သကာလ ဓာတ်ပုံတင်ပါ။ဓာတ်ပုံထဲတွင် ကိုယ့်ဖုန်းပုံပါနိုင်လျှင်ကြွားလို့အကောင်းဆုံးပင်ဖြစ်သည်။ တင်ရာတွင်လည်း မိမိသိသမျှ လူအားလုံးကို tag ချိတ်ပေးပါ။ likeများများ သို့မဟုတ် Sis ကချစ်စရာကောင်းတယ်နော်ဟူသော ကွန်မန့်များ တက်လာမည်မှာအမှန်ပင်ဖြစ်ပါသည်။

(8)အင်္ကျီအသစ်ထုတ်ဝတ်တိုင်း ဓာတ်ပုံရိုက်ပါ။ ပြီးရင် ဓာတ်ပုံတင်ပြီးနောက် ဓာတ်ပုံထဲတွင် "အင်္ကျီအသစ်နဲ့လိုက်ရဲ့လား'ဟ
ုလည်းမေးပါ။ကိုယ်တိုင်ရိုက်လျှင်သတိပြုရန်မှာ အိမ်သာအပြင် အခြားသော နေရာများစွာသည်လည်း ဓာတ်ပုံရိုက်ဖို့သင့်တော်သည်ဆိုသည့် အချက်ပင်ဖြစ်ပါသည်။

(9)မိမိဘယ်ရောက်နေ ၊ဘာလုပ်နေကြောင်းကို ဖွဘုတ်ပေါ်သို့ အချိန်မီသတင်းပို့ပါ။ ဆန္ဒရှိလျှင် သင်အိမ်သာထဲတွင် အိမ်သာတက်နေကြောင်းကိုပါ သတင်းပို့ခြင်းဖြင့် တစ်နေ့တာသင်ပြုလုပ်သမျှကို ကမ္ဘာတစ်ဝန်းမှ သိရှိနိုင်ကြမည်ဖြစ်ပါသည်။


တောင်ပံပါရင်မင်းစီ


Download  Link -  https://www.dropbox.com/s/0v3my54vzcn3cjm/တောင်ပံပါရင်မင်းဆီ.mp3